A A A A A

သင်္ကေတလက္ခဏာ: [နံပါတ် ၅]


ဗျာဒိတ်ကျမ်း ၁၃:၅-၁၈
[၅] ထိုသားရဲသည်လည်း ကြီးစွာသော စကားကို၎င်း၊ ဘုရားသခင်ကို ပြစ်မှားသောစကားကို၎င်း၊ ပြော တတ်သော နှုတ်နှင့်ပြည့်စုံ၍၊ လလေးဆယ်နှစ်လပတ်လုံး စီရင်ရသောအခွင့်ကိုရ၏။[၆] ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့် တဲတော်ကို၎င်း၊ ကောင်းကင်သားတို့ကို၎င်း၊ ပြစ်မှားခြင်းငှါ နှုတ်ကို ဖွင့်ထား၏။[၇] သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသောအခွင့် ကိုရ၏။ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်း ရ၏။[၈] ကွပ်မျက်သောသိုးသငယ်၏ အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြ၏။[၉] နားရှိသောသူမည်သည်ကား ကြားပါစေ။[၁၀] သူတပါးကို ဘမ်းဆီးယူသွားသောသူသည် ကိုယ်တိုင်ဘမ်းဆီးယူသွားခြင်းကို ခံရလိမ့်မည်။ ထားဖြင့် သတ်တတ်သော သူသည်လည်း ကိုယ်တိုင် ထားဖြင့်သေရမည်။ ဤအရာ၌ သန့်ရှင်းသူတို့လည်း သည်းခံစရာ အကြောင်း၊ ယုံကြည်စရာအကြောင်းရှိ၏။[၁၁] အခြားသော သားရဲတကောင်သည်၊ သိုးသငယ်၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊ မြေကြီးထဲက ထွက်သည်ကို ငါမြင်၏။[၁၂] ထိုသားရဲသည် သူ့အရင်ဖြစ်သော ပဋ္ဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဋ္ဌမသားရဲကို မြေကြီးမှစ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှါ ပြု၏။[၁၃] ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်းပြ၏။ လူတို့မျက်မှောက်၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကို ဆင်းစေ၏။[၁၄] ပဌမသားရဲရှေ့၌ ပြပိုင်သောနိမိတ်လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား၏။ ထားနှင့် ခုတ်သောဒဏ်ချက်ကို ခံရ၍ အသက်ရှင်သေးသော သားရဲ၏ ရုပ်တုကို လုပ်စေခြင်းငှါ မြေကြီးသားတို့ကို မှာထား၏။[၁၅] သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည် အကြောင်းနှင့်၊ မိမိကို မကိုးကွယ်သောသူရှိသမျှတို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်းရ၏။[၁၆] ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံ ရသောသူ ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ျာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ၎င်း၊[၁၇] ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက်ဖြစ်စေ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ၎င်း စီရင်၏။[၁၈] ဤအရာ၌ပညာရှိ၏။ ဥာဏ်ရှိသောသူသည် သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေ အတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ်၏။

ရှင်မဿဲခရစ်ဝင် ၁၉:၉
ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့မယားကိုပြစ်မှားသည်ဟုမိန့်တော်မူ၏။

ဗျာဒိတ်ကျမ်း ၁၁:၂-၃
[၂] ဗိမာန်တော်တန်တိုင်းကို မတိုင်းနှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို ၊ လ လေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည်။[၃] ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ၊ အရက် တထောင်နှစ်ရာခြောက်ဆယ် ပတ်လုံး ပရောဖက်ပြုကြလိမ့်မည်။

ရှင်မဿဲခရစ်ဝင် ၅:၃၂
ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။

၂ တိမောသေ ၃:၁၆
ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊

ဗျာဒိတ်ကျမ်း ၄:၆-၈
[၆] ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏အတွင်း၌၎င်း၊ ပတ်ဝန်းကျင်၌၎င်း၊ မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။[၇] ပဌမသတ္တဝါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည် နွား သငယ်နှင့်တူ၏။ တတိယသတ္တဝါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တဝါ သည် ပျံလျက်ရှိသော ရွှေလင်းတနှင့်တူ၏။[၈] ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုး နှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏ နေ့ညဉ့်မပြတ် ငြိမ်၍ မနေဘဲ ပြောဆိုကြ၏။

တောလည်ရာကျမ်း ၅:၁၁-၃၁
[၁၁] တဖန်မောရှေအားထာဝရဘုရားက သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊[၁၂] လင်ရှိသော မိန်းမသည် အခြားတပါးသော ယောက်ျားနှင့် မှားယွင်း၍ လင်ကိုပြစ်မှားလျှင်၎င်း၊[၁၃] မှားယွင်းစဉ်တွင် သူတပါးမတွေ့မိ သက်သေမရှိ၊ သီလပျက် သော်လည်း ထိုအမှုကို ဝှက်ထား၍ လင်မသိလျှင်၎င်း၊[၁၄] သီလပျက်သည်ဖြစ်စေ ပျက်သည်ဖြစ်စေ၊ လင် သည် မယားကို မယုံလျှင်၎င်း[၁၅] ထိုမိန်းမပြုရသော ပူဇော်သက္ကာဘို့မှယောမုန့်၊ တဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကိုမတင်ရ။ မယားကိုမယုံခြင်း ပူဇော်သက္ကာအပြစ်ကို ဖေါ်တင်ရာ ပူဇော်သက္ကာဖြစ်၏။[၁၆] ယဇ်ပုရောဟိတ်သည်၊ ထိုပူဇော်သက္ကာကို ယူ၍ ထာဝရဘုရားရှေ့တော်၌ ထားရမည်။[၁၇] ယဇ်ပုရောဟိတ်သည် သန့်ရှင်းသော ရေကို မြေအိုး၌ လောင်းပြီးလျှင်၊ တဲတော်၌ရှိသော မြေမှုန့်ကို ယူ၍ ရေထဲမှာ ထည့်ရမည်။[၁၈] ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီး လျှင်၊ ခေါင်း၌ အချည်းစည်းရှိစေ၍၊ မယားကိုမယုံခြင်း၊ ပူဇော်သက္ကာတည်းဟူသော သတိပေးရာ ပူဇော်သက္ကာကို မိန်းမလက်၌ ထည့်ရမည်။ ကျိန်ခြင်းဘေးကိုဖြစ်စေသော ရေခါးကို၊ ယဇ်ပုရောဟိတ်ကိုယ်တိုင်ကိုင်ရမည်။[၁၉] ထိုအခါ ယဇ်ပုရောဟိတ်သည်၊ ထိုမိန်းမကို အကျိန်တိုက်လျက် သင်သည် ကိုယ်ခင်ပွန်းမှ တပါး အခြားသော ယောက်ျားနှင့် မှားယွင်းခြင်း ညစ်ညူးခြင်း မရှိလျှင်၊ ကျိန်ခြင်းဘေးကိုဖြစ်စေသော၊ ဤရေခါးနှင့် ကင်းလွတ်စေသတည်း။[၂၀] ကိုယ်ခင်ပွန်းမှ တပါးအခြားသော ယောက်ျား နှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိလျှင်၊[၂၁] ထာဝရဘုရားသည်၊ သင်၏ပေါင်ကို ပိန်စေ၍ ဝမ်းကိုလည်း ရောင်စေသဖြင့်၊ သင့်ကိုကျိန်အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူများကျိန်ဆိုခြင်းကို ခံရသောသူ ဖြစ်စေခြင်းငှါ စီရင်တော်မူစေသတည်း။[၂၂] ကျိန်ခြင်းဘေး ဖြစ်စေသော ဤရေသည်သင်၏ ဝမ်းထဲသို့ ဝင်၍ ဝမ်းရောင်းခြင်း၊ ပေါင်ပိန်ခြင်းကိုဖြစ်စေ သတည်းဟု ယဇ်ပုရောဟိတ်သည် ကျိန်ခြင်းအကျိန်တိုက် လျှင် မိန်းမက၊ အာမင်၊ အာမင်ဟု ဝန်ခံရမည်။[၂၃] ယဇ်ပုရောဟိတ်သည်လည်း၊ ထိုအကျိန်တို့ကို ရေးမှတ်၍ တဖန် ရေခါးနှင့်ချေပြီးမှ၊[၂၄] ကျိန်ခြင်းဘေးဖြစ်စေသောရေခါးကို မိန်းမအား တိုက်ရမည်။ ထိုရေသည် မိန်းမထဲသို့ဝင်၍ ခါးလိမ့်မည်။[၂၅] ထိုအခါ ယဇ်ပုရောဟိတ်သည်၊ မယားကို မယုံ ခြင်း၊ ပူဇော်သက္ကာကို မိန်းမလက်မှ ယူ၍ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာဆက်ပြီးလျှင်၊[၂၆] မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော် သက္ကာအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို၍ ထိုနောက် အကျိန်ရေကို မိန်းမသောက်စေရမည်။[၂၇] ထိုမိန်းမသည် လက်ကိုပြစ်မှား၍ ညစ်ညူးခြင်း ရှိလျင် ကျိန်ခြင်း ဘေးဖြစ်စေသော ရေကိုသောက်ပြီးမှ သူ့အထဲ၌ ရေဝင်၍ ခါးသဖြင့် ဝမ်းရောင်ခြင်း၊ ပေါင်ပိန် ခြင်းသို့ရောက်၍ ထိမိန်းမသည် မိမိအမျိုး၌ ကျိန်အပ် သောသူဖြစ်လိမ့်မည်။[၂၈] သို့မဟုတ် ထိုမိန်းမသည် မညစ်ညူး၊ စင်ကြယ် ခြင်းရှိလျှင်၊ ဘေးနှင့်လွတ်၍ ပဋိသန္ဓေယူသော အခွင့် ရှိလိမ့်မည်။[၂၉] ဤရွှေ့ကား၊ မိန်းမသည် ကိုယ်ခင်ပွန်းမှတပါး အခြားသော ယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်း ရှိသော်၎င်း၊[၃၀] ယောက်ျားသည် မယားကို မယုံသောသဘော စွဲလမ်းသော်၎င်း၊ စောင့်ရသော တရားပေတည်း။ ယောက်ျားသည် မယားကိုမယုံ ထာဝရဘုရားရှေ့တော်၌ ထားသောအခါ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်း စီရင်သဖြင့်၊[၃၁] ယောက်ျားသည် အပြစ်နှင့် ကင်းလွတ်၍ မိန်းမသည် မိမိအပြစ်ကို ခံရမည်ဟု မိန့်တော်မူ၏။

ဓမ္မရာဇဝင်တတိယစောင် ၇:၂၃
အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။

တရားဟောရာကျမ်း ၆:၄
အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။

မာလခိ ၃:၁၀
ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း ၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါ သည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

ဆာလံကျမ်း ၁၀၄:၉
ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုး စေခြင်းငှါ၊ မကျော်ရသော နယ်စပ်ကိုပိုင်းခြားတော်မူ၏။

ကမ္ဘာဦးကျမ်း ၆:၁၂
ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။

ကမ္ဘာဦးကျမ်း ၇:၂၀
ရေမြုပ်သောတောင်တို့ အထက်၌ လွှမ်းတတ်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း။

ကမ္ဘာဦးကျမ်း ၈:၅-၉
[၅] ဒသမလတိုင်အောင် ရေသည် အစဉ်မပြတ် ယုတ်လျော့၍၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ် တို့သည် ပေါ်ကြ၏။[၆] ထိုအရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သော ပြတင်းပေါကကိုဖွင့်၍၊ ကျီး တကောင်ကို လွှတ်လေ၏။[၇] ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက် မှီတိုင်အောင်၊ သွားလာလျက် နေလေ၏။[၈] တဖန် မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကို သိခြင်းငှါ၊ ချိုးတကောင်ကို လွှတ်ပြန်လေ၏။[၉] မြေတပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကို မတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘော ထဲသို့သွင်းလေ၏။

ကမ္ဘာဦးကျမ်း ၉:၁၁
သင်တို့နှင့် ငါပြုသော ပိဋိညာဉ်ဟုမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။

ကမ္ဘာဦးကျမ်း ၁:၃၁
ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် ဆဌမနေ့ရက်ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၃:၁၅
သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။

၁ ကောရိနသု ၁၀:၁၃
လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။

ထွက်မြောက်ရာကျမ်း ၂၀:၁၃
လူအသက်ကို မသတ်နှင့်။

Burmese Bible 1835
Public Domain 1835