A A A A A

မကောင်းသောအက္ခရာ: [အနိုင်ကျင့်]


၁ ရှင်ယောဟန် ၂:၉
မိမိညီအစ်ကိုကိုမုန်းလျက်ပင်၊ ငါသည် အလင်း၌ရှိ၏ ဟုဆိုသောသူသည်ယခုတိုင်အောင် မှောင်မိုက်၌ ရှိသေး၏။

၁ ရှင်ယောဟန် ၃:၁၅
မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ လူအသက်ကို သတ်သောသူ တစုံတယောက်၌မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ၏။

၂ တိမောသေ ၁:၇
အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။

တရားဟောရာကျမ်း ၃၁:၆
အားယူ၍ ရဲရင့်ခြင်း ရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟော ပြော၏။

ဧဖက်ဩဝါဒစာ ၄:၂၉
ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။

ဧဖက်ဩဝါဒစာ ၆:၁၂
ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူ သော လက်နက်စုံကိုယူဆောင်ကြလော့။

ဝတ်ပြုရာကျမ်း ၁၉:၁၈
သင့်အမျိုးသားချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

ရှင်မဿဲခရစ်ဝင် ၅:၁၁
ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။

သုတ္တံကျမ်း ၁၇:၉
သူတပါးပြစ်မှားသော အမှုကိုဝှက်ထားသော သူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။

သုတ္တံကျမ်း ၂၂:၁၀
မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြု လျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။

သုတ္တံကျမ်း ၂၄:၁၆
ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော် လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။

ဆာလံကျမ်း ၁၃၈:၇
အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင် စေတော်မူလိမ့်မည်။ လက်တော်ကို ဆန့်လျက်၊ ရန်သူတို့ ၏အမျက်ဒေါသကို ဆီးတား၍၊ လက်ျာလက်တော် အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည်။

ရောမဩဝါဒစာ ၂:၁
သူတပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည်ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည်စစ်ကြောစီရင်သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။

ရောမဩဝါဒစာ ၁၂:၁၈-၁၉
[၁၈] သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။[၁၉] ချစ်သူတို့၊ သူတပါးသည်သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

ရောမဩဝါဒစာ ၁၂:၂၀-၂၁
[၂၀] ထိုကြောင့်သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဘို့ပေးလော့။ ထိုသို့ပြုလျှင်။ သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။[၂၁] အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။

ရှင်လုကာခရစ်ဝင် ၆:၂၇-၂၈
[၂၇] ငါ့စကားကိုကြားရသော သင်တို့အား ငါဆိုသည်ကား၊ သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။[၂၈] သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို နှောင့်ရှက်သောသူတို့အဘို့ ဘုရား သခင်ကို ဆုတောင်းကြလော့။

ရှင်မဿဲခရစ်ဝင် ၅:၄၄-၄၅
[၄၄] ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသော ငှါ။ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။[၄၅] အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူမကောင်း သောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုဃ်းကို ရွာစေတော်မူ၏။

ဟေရှာယ ၄၁:၁၁-၁၃
[၁၁] သင်၌အမျက်ထွက်သော သူတို့သည် ရှက် ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်း ရှိကြလိမ့်မည်။ သင်၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။[၁၂] သင်နှင့် ဆန့်ကျင်ဘက်ပြုသော သူတို့ကို သင် သည် ရှာ၍ မတွေ့ရ။ သင့်ကို စစ်တိုက်သော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့၎င်း၊ အနတ္တသက်သက်ကဲ့သို့ ၎င်း ဖြစ်ကြလိမ့်မည်။[၁၃] အကြောင်းမူကား၊ သင်၏ဘုရားသခင်ထာဝရ ဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ျာလက်ကို ကိုင်မည်။

ရှင်မဿဲခရစ်ဝင် ၅:၃၈-၄၁
[၃၈] သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေ ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။[၃၉] ငါပညတ်သည်ကား၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့်၍ပေးဦးလော့။[၄၀] သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။[၄၁] အကြင်သူသည် သင့်ကို အနိုင်ပြု၍ ခရီးတတိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။

ဆာလံကျမ်း ၃၄:၁၂-၁၈
[၁၂] ကောင်းမွန်သောအရာကို တွေ့မြင်မည် အကြောင်း၊ အသက်ရှင်ခြင်းနှင့်တကွ နေ့ရက်ကာလကို တောင့်တလိုချင်သော သူမည်သည်ကား၊[၁၃] ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေ လော့။ နှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့်။[၁၄] ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုလော့။ သူတပါးနှင့်အသင့်အတင့်နေခြင်းကို ရှာ၍မှီအောင်လိုက် လော့။[၁၅] ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ အော်ဟစ်သံကိုလည်း နား ထောင်တော်မူ၏။[၁၆] ဒုစရိုက်ကိုပြုသောသူတို့ကား၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှါ ပယ်ရှင်းမည် အကြောင်း၊ ထာဝရဘုရားသည် မျက်နှာထားတော်မူ၏။[၁၇] ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။[၁၈] ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသော သူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင် တော်မူ၏။

Burmese Bible 1835
Public Domain 1835