A A A A A

ကောင်းကင်တမန်များနှင့်နတ်ဆိုးများ: [ကောင်းကင်တမန်မင်း]


ရှင်ယုဒဩဝါဒစာ ၁:၉
ကောင်းကင်တမန် မင်းမိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူစေ သတည်းဟူ၍ သာပြောဆို၏။

ဒံယေလ ၁၀:၁၃-၂၁
[၁၃] ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား၊ အရက် နှစ်ဆယ်တရက်ပတ်လုံး ငါ့ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူ လာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံ မှာ ဆိုင်းလင့်၍ နေရ၏။[၁၄] ယခုမူကား၊ နောင်ကာလတွင် သင်၏ အမျိုးသားချင်းတို့၌ ဖြစ်လတံ့သော အမှုအရာတို့ကို သင် သည် နားလည်စေခြင်းငှါ ငါရောက်လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ၏ဟု ငါ့အား ပြောဆို၏။[၁၅] ထိုသို့ ပြောဆိုပြီးမှ၊ ငါသည် ဦးညွတ်သည် ပြပ်ဝပ်၍ စကားမပြောနိုင်ပဲနေ၏။[၁၆] ထိုအခါ လူသား၏ သဏ္ဌာန်ရှိသော သူတဦး သည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည်နှုတ်ကို ဖွင့်၍ ပြောရသောအခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။[၁၇] ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့ စကားပြောနိုင်ပါအံ့နည်း။ ယခုပင် အကျွန်ုပ် ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ အကျွန်ုပ်အသက်လည်း ကုန်ပါပြီဟု ငါ့ရှေ့မှာ ရပ်နေသော သူအား ငါလျှောက် ၏။[၁၈] နောက်တဖန် လူသဏ္ဌာန်ရှိသော သူသည် လာ၍ ငါ့ကိုလက်နှင့်တို့လျက် အားပေးပြီးလျှင်၊[၁၉] အလွန်ချစ်အပ်သောသူ၊ မကြောက်နှင့်။ ငြိမ် သက်ခြင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့်ပြည့်စုံလော့ ဟု ဆို၏။ ထိုသို့ဆိုပြီးမှ ခွန်အားကို ငါရ၍၊ အကျွန်ုပ်၏ သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက်၏။[၂၀] ထိုသူကလည်း၊ ငါသည် သင်ရှိရာသို့ လာရသော အကြောင်းကို နားလည်သလော။ ပေရသိမင်းကို စစ်တိုက်အံ့သောငှါ ယခု ငါပြန်သွားရမည်။ ငါသွားပြီး သည်နောက်၊ တဖန် ဟေလသမင်းသည် ပေါ်လာ လိမ့်မည်။[၂၁] သို့ရာတွင် သမ္မာကျမ်းစာ၌ မှတ်သားသော အမူ အရာကို ငါပြဦးမည်။ ဤအမှုတို့တွင် သင်တို့၏မင်း မိက္ခေလမှတပါး ငါ့ဘက်မှာ နေသောသူမရှိ။

ဒံယေလ ၁၂:၁
ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစုံတမျိုးမှဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်း သို့ ရောက်ကြလိမ့်မည်။

၁ သက်သာလောနိတ် ၄:၁၆
သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။

ဒံယေလ ၉:၂၁
ဆုတောင်းသော အမှုမပြီးမှီ မြွက်ဆိုစဉ်တွင် ယခင်ဗျာဒိတ် ရူပါရုံ၌ ထင်ရှားသောသူ၊ ဂါဗေလသည် လျင်မြန်စွာ ပျံ၍လာသဖြင့် ညဦးယံ ပူဇော်ချိန်၌ ရှိရာသို့ ရောက်၍

ဒံယေလ ၈:၁၁-၁၆
[၁၁] ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင် လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ်၍၊ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။[၁၂] အပြစ်များသောကြောင့် နေ့ရက်အစဉ်ပြုသော ဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍ သမ္မာ တရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏။[၁၃] ထိုအခါ သန့်ရှင်းသူတပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတပါးက၊ ယခင်ပြောသော သူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကိုနင်းခြင်း အလိုငှာ နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည်အဘယ်မျှ ကာလပတ်လုံး တည်လိမ့် မည်နည်းဟုမေးမြန်းလျှင်၊[၁၄] ယခင်ပြောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင် တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တဖန်ဆေးကြောသုတ်သင်ကြလိမ့် မည်ဟုပြန်၍ ပြောဆို ၏။[၁၅] ငါဒံယေလသည် ထိုရူပါရုံကို မြင်၍ အနက်ကို ရှာဖွေသောအခါ၊ လူသဏ္ဌာန်ရှိသောသူတဦးသည် ငါ့ရှေ့တွင် ရပ်နေ၏။[၁၆] အခြားသော သူက၊ အိုဂါဗြေလ၊ ထိုသူသည် ယခု မြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှါ အနက်ကို ပြန်ပောလော့ဟု၊ ဥလဲ မြစ်နားကြားမှာ လူအသံနှင့်ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။

ဗျာဒိတ်ကျမ်း ၁၂:၇-၉
[၇] ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်းသူတို့နေစရာမရှိ။[၈] ထိုအခါ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကို၎င်း၊[၉] သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ချလိုက်ကြ၏။

ရှင်လုကာခရစ်ဝင် ၁:၂၆
ငါးလလွန်သောအခါ၊ ဂါလိလဲပြည်နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင့်၍၊

ဟေဗြဲဩဝါဒစာ ၁:၁၄
ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သော သူတို့ကို ပြုစု စေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံ နံဝိညာဉ် ဖြစ်ကြသည် မဟုတ်လော။

ယောရှုမှတ်စာ ၅:၁၃-၁၅
[၁၃] ယောရှုသည် ယေရိခေါမြို့အနားမှာ ရှိနေစဉ် မြော်ကြည့်၍၊ လူတယောက်သည် ထားကိုထားအိမ်မှ ထုတ်ကိုင်လျက်၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင်၊ သူ့ထံသို့ သွား၍ သင်သည်ငါတို့ဘက်၌နေသောသူလော၊ ငါတို့ရန် သူဘက်၌နေသောသူလောဟုမေးသော်၊[၁၄] ထိုသူက၊ ထိုသို့မဟုတ်၊ ထာဝရဘုရား၏ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူးဖြစ်၍ ယခုငါလာသည်ဟုဆို၏။ ယောရှုသည်လည်း မြေပေါ်မှာ ပြပ်ဝပ်ကိုးကွယ်လျက်၊ ကိုယ်တော်ကျွန်အား အဘယ်သို့ မိန့်တော်မူမည်နည်းဟု မေးလျှောက်သော်၊[၁၅] ထာဝရဘုရား၏ ဗိုလ်ခြေကိုအုပ်စိုးသော ဗိုလ် မှူးက၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသောအ ရပ်ကား မြေမြတ်ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှုပြု လေ၏။

ရှင်မဿဲခရစ်ဝင် ၁၈:၁၀
သင်တို့သည် ဤသူငယ်ကို တစုံတယောက်ကို မထီမဲ့မြင်မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆို သည်ကား၊ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကိုအစဉ် မပြတ်ဖူးမြင်ကြ၏။

ထွက်မြောက်ရာကျမ်း ၃:၂
ထိုအခါ ဘုရားသခင်၏ ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ၌ထင်ရှား၏။ မောရှေသည် ကြည့်သောအခါ၊ မီးလောင်၍ ချုံမကျွမ်းဘဲ ရှိသည်ကို မြင်လျှင်၊

ဗျာဒိတ်ကျမ်း ၁:၄
ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနှစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ဘုရားသခင်အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ် ခုနှစ်ပါးအထံက၎င်း၊

ရှင်မဿဲခရစ်ဝင် ၂၂:၃၀
ထမြောက်ရာကာလ၌ စုံဘက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု။

ယောဘဝတ္တု ၁:၆
ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။

ရှင်လုကာခရစ်ဝင် ၂၀:၃၆
သေခြင်းနှင့်အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏သားဖြစ် သောကြောင့် ဘုရားသခင်၏သားဖြစ်ကြ၏။

Burmese Bible 1835
Public Domain 1835