A A A A A

အပိုဆောင်း: [အရက်]


၁ ရှင်ပေတရု ၄:၃
သာသနာပလူတို့၏အလိုသို့လိုက်၍၊ ကိလေသာညစ်ညှုးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း၌ကျင်လည်၍၊ ငါတို့လွန်စေပြီးသော အသက်ကာလသည် ငါတို့အားလောက်ပေ၏။

၁ တိမောသေ ၅:၂၃
သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှါ၎င်း၊ မကြာမကြာခံရသော ရောဂါကြောင့်၎င်း၊ ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်း ငယ်ကိုသုံးလော့။

ဒေသနာကျမ်း ၉:၇
သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။

ဧဖက်ဩဝါဒစာ ၅:၁၈
လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့။

သုတ္တံကျမ်း ၂၀:၁
စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ။

သုတ္တံကျမ်း ၂၃:၃၁
ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။

ရောမဩဝါဒစာ ၁၃:၁၃
ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့။

သုတ္တံကျမ်း ၃၁:၄-၅
[၄] အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသား တို့ကိုနှင့် မတော်မသင့်။[၅] သူတို့သည်သောက်လျက် တရားတော်ကို မေ့ လျော့၍၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။

ဆာလံကျမ်း ١٠٤:١٤-١٥
[١٤] တိရစ္ဆာန်ဘို့ မြက်ပင်ကို၎င်း၊ လူသုံးဘို့ စပါးပင်ကို၎င်း ပေါက်စေတော်မူသဖြင့်၊ မြေကြီးထဲက မုန့်ကို ထုတ်ဘော်တော်မူ၏။[١٥] စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း၊ သူတို့နှလုံးကို ထောက်မ၏။

၁ ကောရိနသု ၁၀:၂၃-၂၄
[၂၃] ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတပါးကို တည်ဆောက်တတ်သည်မဟုတ်။[၂၄] ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။

ဟေရှာယ ၆၂:၈-၉
[၈] ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ စပါးနှင့် နောက်တဖန် ငါမကျွေး။ သင်သည် ကြိုးစား၍ လုပ်သော စပျစ်ရည်ကို တပါးအမျိုးသားတို့သည် မသောက်ရကြ။[၉] စပါးကို ရိတ်သောသူတို့သည် ကိုယ်တိုင်စား၍၊ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ စပျစ်သီးကို သိမ်း သော သူတို့သည် ငါ၏ သန့်ရှင်းရာဌာနတန်တိုင်းအတွင်း ၌ စပျစ်ရည်ကို သောက်ကြလိမ့်မည်ဟု တန်ခိုးကြီးသော လက်ျာလက်ရုံးတော်ကို တိုင်တည်၍ ကျိန်ဆိုတော်မူပြီ။

ဂလာတိဩဝါဒစာ ၅:၁၉-၂၁
[၁၉] ဇာတိပကတိအကျင့်တို့သည်ထင်ရှားကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊ မတရား သောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊[၂၀] ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုန်ခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲခြင်း၊[၂၁] သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေ မခံကြရဟု အထက်ကငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။

၁ ကောရိနသု ၉:၁၉-၂၃
[၁၉] ငါသည် အဘယ်သူ၏ကျွန် မဖြစ်သော်လည်း သာ၍များသော သူတို့ကိုရခြင်းအလိုငှါ လူတကာတို့၏ ကျွန်ခံရ၏။[၂၀] ယုဒလူတို့ကိုရခြင်းအလိုငှါ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကိုကိုယ်တိုင် မဆည်းကပ် သော်လည်း၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ကို ရခြင်းအလိုငှါ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ်၏။[၂၁] ဘုရားသခင်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏တရားကို ကျင့်သောသူဖြစ်သော်လည်း၊ ပညတ် တရားမဲ့သောသူတို့ကို ရခြင်းအလိုငှါ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သော သူကဲ့သို့ဖြစ်၏။[၂၂] အားနည်းသော သူတို့၌ အားနည်းသော သူကဲ့သို့ဖြစ်၏။ အချို့သော သူတို့ကို တစုံတခုသော အမှု အရာအားဖြင့် ကယ်တင်ခြင်းအလိုငှါ၊ ခပ်သိမ်းသော သူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။[၂၃] သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံခြင်းအလိုငှါ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏။

ရောမဩဝါဒစာ ၁၄:၁၅-၂၁
[၁၅] သင်၏ညီအစ်ကိုသည် သင်စားသော အစာကြောင့် စိတ်နာရလျှင်၊ သင်သည်မေတ္တာတရားကို မကျင့်။ ခရစ်တော်သည် အသေခံတော်မူသော ကျေးဇူးတော်ကို ခံသောသူကိုသင်၏ အစာအားဖြင့် အကျိုး မနည်းစေနှင့်။[၁၆] သင်တို့သည် အခွင့်သည်အမှုမှာ ကဲ့ရဲ့စရာ အကြောင်းမရှိစေနှင့်။[၁၇] ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်းမြောက်ခြင်း၌ တည်၏။[၁၈] ထိုသို့ကျင့်၍ ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင့်ရှေ့၌ နှစ်သက်ဘွယ်၊ လူတို့ တွင် ချီးမွမ်းဘွယ်ဖြစ်၏။[၁၉] ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်၎င်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်၎င်း ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့။[၂၀] ဘုရားသခင်၏ အမှုတော်ကို သင်၏အစာအလိုငှါ မဖျက်ဆီးနှင့်။ အစာအမျိုးမျိုးတို့သည် စင်ကြယ်၏။ သို့သော်လည်း သူတပါးထိမိ၍ လဲစရာအကြောင်းနှင့် စားသော သူသည်အပြစ်ရှိ၏။[၂၁] အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်း ကိစ္စမှစ၍၊ ညီအစ်ကိုထိမိ၍ လဲစရာအကြောင်း၊ မှားယွင်း စရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။

ရှင်ယောဟန်ခရစ်ဝင် ၂:၃-၁၁
[၃] စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။[၄] ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။[၅] မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ၏။[၆] ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဘို့အလိုငှါ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။[၇] ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အားမိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံ မတတ်ဖြည့်ကြ၏။[၈] ယခုခပ်၍ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။[၉] ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည် ကို အဘယ်မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကို လွှင့်၍၊[၁၀] အခြားသောသူမည်သည်ကား၊ ရှေးဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကိုထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။[၁၁] ထိုသို့ယေရှုသည် ရှေးဦးစွာသော ဤနိမိတ်လက္ခဏာကိုဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော် ကိုထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။

Burmese Bible 1835
Public Domain 1835